Monday, June 2, 2008

တစ်ကမ္ဘာ ရဲ့ နေထွက်ရက် ၊ နဲ့ သူရိယသိဒ္ဓန္တ ကျမ်း

ကပ်ကမ္ဘာ တစ်ခုလုံး ရဲ့ စုစုပေါင်း နေထွက်ရက် ဟာ ၁၅၇၇၉၁၇၈၂၈ လို့ သူရိယသိဒ္ဓန္တ ကျမ်းက ဆိုပါတယ်။ ကပ်ကမ္ဘာ တစ်ခုလုံးရဲ့ နေမင်း ပတ်တဲ့ အပတ်ရေ ဟာ ၄၃၂၀၀၀၀ ရှိပြန်တယ်။ ဒါကြောင့် တစ်နှစ်တာ နေထွက်ရက်ပေါင်းဟာ ၂၅၇၇၉၁၇၈၂၈ / ၄၃၂၀၀၀၀=၃၆၅.၂၅၈၇၅၆၅ ရှိတယ် လို့ ကျမ်းက ဆိုပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက သူရိယသိဒ္ဓန္တ ကျမ်း က ၁၅၇၇၉၁၇၈၂၈ လို့ ဆိုတာကို မြန်မာတွေ လက်ခံသုံးစွဲတာ မင်းတုန်းမင်း လက်ထက်မှ ဖြစ်ပြီး အရင် က တော့ မကာရန္တ ဆိုတဲ့ တွက်ကိန်းနဲ့ တွက်ခဲ့တာဖြစ်ပါတယ်...။ သူက ၁၅၇၇၉၁၇၈၀၀ လို့ ဆိုတဲ့ အတွက် သူရိယသိဒ္ဓန္တ ကျမ်း နဲ့ ၂၈ ရက် တိတိကွာပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာ လုံးမှ ၂၈ ရက်တာ ကွာခြားတာပါ။ တစ်ခုထူးခြားချက်ကတော့ ယနေ့ ခေတ် လက်ခံထားကြတဲ့ တစ်နှစ် တာ ရက်ပေါင်း ၃၆၅.၂၄၂၁၉၈၈၅ ဆိုတာနဲ့ သိပ်မကွာ တာပါ။ သူရိယသိဒ္ဓန္တ ကျမ်း ကို ဘီစီ ၅၀၀ နှောင်းပိုင်း ကတည်းကပေါ်ခဲ့တာ လို့ တွက်ဆ နေကြတာလည်း ထူးခြားချက်တစ်ခုပါပဲ....

No comments: