Monday, June 2, 2008

သက္ကရာဇ် နှစ်များ

စတုယုဂ် တစ်ခုတွင်
(၁) ကတ ယုဂ် နှစ်ပေါင်း ၁၇၂၈၀၀၀
(၂) တြေတာ ယုဂ် နှစ်ပေါင်း ၁၂၉၆၀၀၀
(၃) ဒွါပရာ ယုဂ် နှစ်ပေါင်း ၈၆၄၀၀၀
(၄) ကလိယုဂ် နှစ်ပေါင်း ၄၃၂၀၀၀

ပထမ သက္ကရာဇ်ဖြိုခြင်း

အာကာသရဠ မင်း ၁၁၄၉၇၈၅
ကုသမင်း ၁၄၉၃၈၅၆၀
ဘိုးတော် အဉ္ဖန ၈၆၄၅
အဇာတသတ် ၁၄၈
သုမုန္ဒြီ မင်း ၆၂၂
ပုပ္ပါးစော ၅၆၀
မိုးညင်းမင်း ၇၉၈ (မအောင်မြင်)



ဒုတိယ သက္ကရာဇ် ဖြို ခြင်း

ဓမ္မရာဇာ မင်း ၁၈၁၂ ဖြိုနှစ်
နန္ဒမင်း ၅၀၀
ဂေါဓမ္မ မင်း ၄၀၀
သောကပါလ ၃၆၀
မယူရမင်း ၁၀၇
ပုပ္ပါးစော ၅၆၀

ကလိယုဂ် ၃၇၃၉


်ကလိယုဂ်= မြန်မာသက္ကရာဇ် + ၃၇၃၉
သာသနာသက္ကရာဇ်=မြန်မာသက္ကရာဇ်+ ၁၁၈၂

သာသနာ သက္ကရာဇ်သည် အဇာသတတ် မင်း မှ အစပြုသည်။

လင်္ကာဒေသဥဒယ

လက်ရှိ ကမ္ဘာ မှာသုံးနေ တဲ့ ဂရင်းနစ် စံတော်ချိန် မျဉ်း လိုဘဲ...သူရိယသိဒ္ဓန္တ မှာ လင်္ကာ ဆိုတဲ့ ဒေသ (သီရိလင်္ကာ မဟုတ်) အိန္ဒိယ ဒေသ တစ်ခု ပေါ် အခြေပြု.ပြီး...တစ်မြိ့ နဲ့တစ်မြို့.....အကွာအဝေးကို ယူဇနာ နဲ့တွက်ယူကြတယ်....ဒီနေရာမှာ ယူဇနာ က လောင်ဂျီတွဒ် မျဉ်းတွေကို ဆိုလိုတာပါ။.......ဥပမာ အမရပူရ ဘယ်နှစ်ဘ၀ါး....ဘယ်နှစ် လက်သစ်ဆိုပြီး....လင်္ကာ ဒေသကနေ စံတိုင်းယူကြတာပါ.....၀မ်းနည်းစရာကောင်းတာက မြန်မာ ပြည်မှာ လင်္ကာဒေသ တည်နေရာကို ၀ိဝါဒ ကွဲနေကြတာပါပဲ......

ကျမ်းမှာတော့ လင်္ကာဒေသဥဒယ လို့သုံးပါတယ်

တစ်ကမ္ဘာ ရဲ့ နေထွက်ရက် ၊ နဲ့ သူရိယသိဒ္ဓန္တ ကျမ်း

ကပ်ကမ္ဘာ တစ်ခုလုံး ရဲ့ စုစုပေါင်း နေထွက်ရက် ဟာ ၁၅၇၇၉၁၇၈၂၈ လို့ သူရိယသိဒ္ဓန္တ ကျမ်းက ဆိုပါတယ်။ ကပ်ကမ္ဘာ တစ်ခုလုံးရဲ့ နေမင်း ပတ်တဲ့ အပတ်ရေ ဟာ ၄၃၂၀၀၀၀ ရှိပြန်တယ်။ ဒါကြောင့် တစ်နှစ်တာ နေထွက်ရက်ပေါင်းဟာ ၂၅၇၇၉၁၇၈၂၈ / ၄၃၂၀၀၀၀=၃၆၅.၂၅၈၇၅၆၅ ရှိတယ် လို့ ကျမ်းက ဆိုပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက သူရိယသိဒ္ဓန္တ ကျမ်း က ၁၅၇၇၉၁၇၈၂၈ လို့ ဆိုတာကို မြန်မာတွေ လက်ခံသုံးစွဲတာ မင်းတုန်းမင်း လက်ထက်မှ ဖြစ်ပြီး အရင် က တော့ မကာရန္တ ဆိုတဲ့ တွက်ကိန်းနဲ့ တွက်ခဲ့တာဖြစ်ပါတယ်...။ သူက ၁၅၇၇၉၁၇၈၀၀ လို့ ဆိုတဲ့ အတွက် သူရိယသိဒ္ဓန္တ ကျမ်း နဲ့ ၂၈ ရက် တိတိကွာပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာ လုံးမှ ၂၈ ရက်တာ ကွာခြားတာပါ။ တစ်ခုထူးခြားချက်ကတော့ ယနေ့ ခေတ် လက်ခံထားကြတဲ့ တစ်နှစ် တာ ရက်ပေါင်း ၃၆၅.၂၄၂၁၉၈၈၅ ဆိုတာနဲ့ သိပ်မကွာ တာပါ။ သူရိယသိဒ္ဓန္တ ကျမ်း ကို ဘီစီ ၅၀၀ နှောင်းပိုင်း ကတည်းကပေါ်ခဲ့တာ လို့ တွက်ဆ နေကြတာလည်း ထူးခြားချက်တစ်ခုပါပဲ....

မြန်မာ ပြက္ခဒိန် အခြေခံ Program Code များ (C#)

ပထမဆုံး.....တွက်ရမှာက သာဝနရက်ပါ..... ကပ်ကမ္ဘာဦး အစကနေ နေထွက်ရက်ပေါင်း ကို ဆိုလိုတာ...။ သာဝနရက်ကို အစင်အကြယ် တွက်လို့ ရပြီဆို တာနဲ့ နေ-လ တည်နေရာတွေတွက်ရမှာ ဖြစ်ပါတယ်....။

ခု ဟာက သာဝနရက်တွက်ဖို့ ပါ

public Double Totaldays(int day, int month, int year, int Hour, int Min)
{

Double H1 = 0, M1 = 0;
Double Tim = 0;
Double Tot = 0, Dj = 0;

H1 = Convert.ToDouble(Hour);
M1 = Convert.ToDouble(Min);

Tim = (H1 + (M1 / 60));

Dj = julday(year, month, day, Tim, 1);
Dj -= 2415019.5;
TJd = Dj;
Tot = Dj + 1826554;
return Tot;
}

မြန်မာ ပြက္ခဒိန် အကြောင်း

ပြက္ခဒိန် နဲ့ပတ်သက်တဲ့ ဗဟုသုတ နဲ့ Source Code တွေကို http://www.myanmaritpros.com/group/myanmarcalendar မှာ တင်ထားပါတယ်... ။ ရက်တွေ အကြားကြီးမှားနေတဲ့ အတွက်လည်းတောင်းပန်ပါတယ်...။ အလုပ်တွေ အရမ်းရှုပ်နေလို့ပါ ခင်ဗျာ...။
ခင်ဗျားတို့ တစ်တွေပါ မြန်မာပြက္ခဒိန် ကို ဆက်လက် develop လုပ် နိုင်အောင် ရေးသွားမှာဖြစ်ပါတယ်။